ကလေးများနှင့် ဆယ်ကျော်သက်များအတွက် အကောင့်ကြီးကြပ်မှု
ဆယ်ကျော်သက်များ အွန်လိုင်းတွင် ရွေးချယ်မှုများကို ချင့်ချိန်နိုင်ရန်အတွက် ၎င်းတို့၏ Google အကောင့်နှင့် ကိရိယာများကို ကြီးကြပ်ခြင်းဖြင့် မိဘများက ကူညီပေးနိုင်ပါသည်။ Google Family Link အက်ပ်ဖြင့် မိဘများသည် ၎င်းတို့ကလေး၏ ကိုက်ညီမှုရှိသော ကိရိယာများတွင် အောက်ပါကဲ့သို့ အရာများကို လုပ်ဆောင်နိုင်ပါမည် -
- အချို့သော အက်ပ်များ (သို့) ဝဘ်ဆိုက်များကို ပိတ်ခြင်း (သို့) ခွင့်ပြုခြင်း
- ၎င်းတို့ကလေး အသုံးပြုသော အက်ပ်များနှင့် ကြာချိန်ကို စောင့်ကြည့်ခြင်း
- အနားယူချိန်၊ စာကြည့်ချိန် (သို့) အိပ်ချိန်တွင် ကိရိယာများကို အဝေးမှ လော့ခ်ချခြင်း
သင်မစတင်မီ
- ကြီးကြပ်မှု စီစဉ်သတ်မှတ်ခြင်းသည် ၁၀ မိနစ်ခန့် ကြာနိုင်ပါသည်
- မိဘနှင့် ဆယ်ကျော်သက် နှစ်ဦးစလုံးတွင် ကိုယ်ပိုင် Google အကောင့် ရှိရပါမည်